Uncategorized

မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး သူတို့ရှေ့မှာပဲ စီးရီးအေချန်ပီယံဖြစ်လို့ အောင်ပွဲခံခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီပြိုင်ပွဲမပြီးဆုံးခင်မှာပဲ ချန်ပီယံဆုကို ရယူဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီစီးရီးအေပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲကျန်ရှိနေချိန်မှာ အင်တာမီလန်အသင်းဟာ အေစီမီလန်အသင်းကို ၁၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် အင်တာမီလန်အသင်းဟာ စီးရီးအေချန်ပီယံဆုကို အကြိမ် ၂၀ မြောက်ရရှိသွားခဲ့တာဖြစ်ပါတယ်။မီလန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ပွဲကြမ်းခဲ့ပြီး နာကျင်အချိန်ပိုမှာ အေစီမီလန်အသင်းက ၂ ဦးနဲ့ အင်တာမီလန်အသင်းက ၁ ဦးတိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အင်တာမီလန်အသင်းဟာ အေစီမီလန်အသင်းကို အနိုင်ရခဲ့သလို သူတို့ရှေ့မှာ စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံခဲ့နိုင်ခဲ့လို့ ချိုမြိန်ခဲ့တာပါ။အင်တာမီလန်အသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားပြီး မနှစ်က စက်တင်ဘာလမှာ ဆက်ဆူအိုလိုအသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ ဒီရှုံးပွဲအပြီး စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိတာ ၂၇ ပွဲအထိ ရှိသွားခဲ့ပြီဖြစ်တာပါ။

အဲ့ဒါကြောင့်လည်း အင်တာမီလန်အသင်းဟာ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး လာမယ့်ရာသီကစပြီး ရင်ဘတ်တံဆိပ်မှာ ကြယ် ၂ လုံးဝတ်ဆင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest