ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂိုးလိုင်းနည်းပညာမရှိလို့ သူတို့အတွက် ဂိုးတစ်ဂိုးနစ်နာခဲ့ပြီးနောက် လာလီဂါမှာ ဂိုးလိုင်းနည်းပညာမရှိတာက ရှက်ဖို့ကောင်းတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။
ရီးရယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ၁ ဂိုးစီသရေကျနေချိန်မှာ ယာမဲလ်ရဲ့ကန်သွင်းမှုကို ရီးရယ်လ်ဂိုးသမား လူနင်ဟာ ဂိုးစည်းပေါ်မှာ ကာကွယ်ခဲ့တာပါ။ဒီအဖြစ်အပျက်မှာ သူတို့ဂိုးရတယ်လို့ ယုံကြည်ခဲ့ပေမယ့် လာလီဂါမှာ ဂိုးလိုင်းနည်းပညာမရှိတာကြောင့် ဂိုး၊မဂိုးအငြင်းပွားစာရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ပြီး မဂိုးဘူးလို့ဆုံးဖြတ်ခဲ့တာကြောင့် ဘာစီလိုနာအသင်းနစ်နာခဲ့ရတာပါ။
လာလီဂါဟာ ကမ္ဘာ့ထိပ်တန်းလိဂ်ထဲမှာ ပါဝင်ခဲ့ပေမယ့် အခုအချိန်ထိ ဂိုးလိုင်းနည်းပညာအသုံးပြုခြင်းမရှိသေးတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ လာလီဂါအနေနဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ဆက်ပြီးရှိချင်ရင် ဂိုးလိုင်းနည်းပညာအသုံးပြုဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဇာဗီက “ဂိုးလိုင်းနည်းပညာမရှိတာက ရှက်ဖို့ကောင်းပါတယ်။လူတိုင်း ဒါကို မြင်တွေ့ရမှာဖြစ်ပြီး ကျနော်ဘာများပြောနိုင်မှာလဲ။လိဂ်က ကျနော့်ကို အရေးယူနိုင်တာကြောင့် ပုံတွေသာကြည့်လိုက်ပါ။ဒီနေ့မှာတော့ လုံးဝမတရားသလိုခံစားရတယ်”လို့ ဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်က ဒါဟာဘောလုံးအတွက်ရှက်စရာဖြစ်ပြီး အရေးကြီးတဲ့နေရာမှာ ပိုက်ဆံဘာကြောင့် အသုံးမပြုတာလဲလို့ စပိန်လာလီဂါကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ဒီရှုံးပွဲကြောင့် ရီးရယ်လ်အသင်းနဲ့ ၁၁ မှတ်အထိကွာဟသွားပြီဖြစ်ပါတယ်။