Premier League

ကာရာဘောင်းဖလားယူပြီး အင်္ဂလန်မှာဖလားမရသေးတာကို အဆုံးသတ်မယ်လို့ ဆိုခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက မယ်ဒယ်ဘရော့အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲတက်နိုင်ခဲ့ပြီးနောက် ဒီဆုဖလားကို အရယူပြီး အင်္ဂလန်မှာ ဆုဖလားမရသေးတာကို အဆုံးသတ်မယ်လို့ ဆိုခဲ့ပါတယ်။

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို မကိုင်တွယ်ခင်က ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်နဲ့ စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားမရယူနိုင်ခဲ့ပါဘူး။ပိုချက်တီနိုဟာ စပါးအသင်းနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲ၊ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ဆုဖလားမရယူနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ချိန်မှာ အနီးစပ်ဆုံးဖြစ်နေတဲ့ ကာရာဘောင်းဖလားကို ရယူပြီး အင်္ဂလန်မှာဆုဖလားမရယူနိုင်သေးတာကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ပိုချက်တီနိုက “ဒီမှာဆုဖလားရယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ပီအက်စ်ဂျီမှာရှိခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်”

“အဲ့ဒါကြောင့် ဒီမှာလည်း ဆုဖလားရယူချင်ပါတယ်။ကျနော်ဆုဖလားရယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်”လို့ ဆိုခဲ့ပါတယ်။ရာသီအစပိုင်းမှာ ရလဒ်တွေမကောင်းခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၅ ပွဲအထိအနိုင်ရပြီး ရလဒ်ကောင်းတွေရယူနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ