Premier League

FA ဖလားက ထွက်ရပြီးနောက် အာဆင်နယ်အနေနဲ့ အနားယူဖို့ လိုအပ်ပြီလို့ ဆိုခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး FA ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းအနေနဲ့ အနားယူဖို့လိုအပ်ပြီလို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် နောက်ဆုံး ၃ ပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့တာပါ။အာဆင်နယ်အသင်းဟာ နောက်ဆုံး ၃ ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၆၃ ကြိမ်အထိပြုလုပ်ခဲ့ပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာက”ကျနော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်လာတာဖြစ်နိုင်ပါတယ်။အဲ့ဒါကြောင့် ကျနော်တို့ အနားယူဖို့လိုအပ်ပါတယ်။အနားယူရတာက ကောင်းပြီး ကျနော်တို့အတွက် အချိန်ကောင်းတစ်ခုရောက်ရှိလာမှာပါ။အခြေအနေကောင်းလာတဲ့အချိန်မှာ ရထားပေါ်ပြန်တက်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ ခက်ခဲနေပြီ”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီ ၂၀ ရက်မှ ပရီးမီးယားလိဂ်ပွဲစဉ်ပြန်ကစားရမှာဖြစ်ပြီး အနားရထားတဲ့အချိန်မှာ ဒူဘိုင်းသွားပြီး စခန်းသွင်းလေ့ကျင့်မှုပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရပေမယ့် နည်းပြ အာတီတာက ဒီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ