Premier League

လူတန်နဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ရာချေပဂိုးပေးခဲ့ရလို့ စိတ်ပျက်နေတဲ့ ကွန်ပနီ

ဘန်လေအသင်းနည်းပြ ကွန်ပနီဟာ ဘန်လေနဲ့ လူတန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူတန်အသင်းဘက်ကို အငြင်းပွားဖွယ်နောက်ကျချေပဂိုးပေးခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်နေခဲ့ပါတယ်။

ဒီပွဲမှာ ဘန်လေအသင်းဟာ ပွဲချိန်အစောပိုင်းမှာကတည်းက ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး လူတန်အသင်းက ၉၂ မိနစ်မှာချေပဂိုးသွင်းယူခဲ့တာပါ။လူတန်အသင်းက ချေပဂိုးသွင်းယူချိန်မှာ ဘန်လေအသင်းဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ထားခဲ့ပေမယ့် VAR က သွင်းဂိုးခွင့်ပြုခဲ့လို့ ကွန်ပနီက စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

ကွန်ပနီက “လူတန်တိုက်စစ်မှူးလုပ်ခဲ့တဲ့အရာကို ပရော်ဖက်ရှင်နယ်ကစားသမားဟောင်းတိုင်း နားလည်မယ်လို့ထင်ပါတယ်။ဒိုင်လူကြီးက ဒါကိုတွေ့ဖို့ မျှော်လင့်ခဲ့ပြီး လူတန်ကစားသမားတွေဟာ အောင်ပွဲခံခြင်းတောင်မရှိပါဘူး။တိုက်စစ်မှူးဟာ ဂိုးသမားကို တားဆီးထားတာပါ။လူတန်ဟာ ဒီပွဲမှာမယုံနိုင်လောက်အောင် ကောင်းခဲ့ပေမယ့် ဒီအခိုက်အတန့်မှာတော့ ဒိုင်လူကြီးအနေနဲ့ မှန်ကန်အောင်ပြုလုပ်ပေးရမှာ”လို့ဆိုခဲ့ပါတယ်။

ဘန်လေနဲ့ လူတန်အသင်းတို့ဟာ ဒီပွဲရလဒ်ကြောင့် တန်းဆင်းဇုန်ထဲမှာ ဆက်လက်ရှိနေပြီး ဘန်လေအသင်းက အဆင့် ၁၉၊ လူတန်အသင်းက အဆင့် ၁၈ နေရာမှာရှိနေတာပါ။အဲ့ဒါကြောင့် ၂ သင်းစလုံးဟာ တန်းဆင်းဇုန်ကလွတ်ဖို့ လာမယ့်ပွဲတွေမှာရလဒ်ကောင်းရရှိအောင် ရုန်းကန်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ