Premier League

ဘရန်ဖိုဒ့်ဘီအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုင်ဗန်တိုနေး

လောင်းကစားစည်းမျဉ်းချိုးဖောက်လို့ ၈ လကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အိုင်ဗန်တိုနေးဟာ စနေနေ့က ကစားခဲ့တဲ့ ဘရန်ဖိုဒ့်ဘီအသင်းရဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီး ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာ ဘရန်ဖိုဒ့်အသင်းကြီးအတွက် ပြန်ပါဝင်ကစားနိုင်တော့မယ့် အိုင်ဗန်တိုနေးဟာ ဘရန်ဖိုဒ့်ဘီအသင်းက ဆောက်သမ်တန်ယူ-၂၃ အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၇၅ မိနစ်ပါဝင်ကစားသွားခဲ့တာပါ။အိုင်ဗန်တိုနေးဟာ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အိုင်ဗန်တိုနေးရဲ့ပွဲပယ်ပြစ်ဒဏ်ဟာ ဇန်နဝါရီ ၁၇ ရက်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် တံခါးပိတ်ခြေစမ်းပွဲတွေမှာ ပါဝင်ကစားဖို့ ခွင့်ပြုချက်ရရှိထားတာပါ။အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကိုမိုအသင်းနဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘရန်ဖိုဒ့်အသင်းအတွက် ၂၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုင်ဗန်တိုနေးဟာ ဇန်နဝါရီ ၂၀ ရက်မှာ ကစားမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာပါ။အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ အခုအပြောင်းအရွှေ့မှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ