Premier League

အာနိုးလ်ကို ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်လက်လွှတ်ရတော့မယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းရဲ့အဓိကနောက်ခံလူ အာနိုးလ်ဟာ ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရမယ်လို့ လက်ထောက်နည်းပြ လီဂျင်ဒါက ပြောလိုက်ပါတယ်။

အာနိုးလ်ဟာ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားတတိယအဆင့်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာပါ။အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ကစားသမားဟာ ရက်သတ္တပတ်အနည်းငယ်အနားယူရတော့မှာဖြစ်ပါတယ်။

အာနိုးလ်ဟာ ဒဏ်ရာကြောင့် မနက်ဖြန်ကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို လွဲချော်သွားပြီဖြစ်ပါတယ်။လီဗာပူးလ်အသင်းကတော့ အာနိုးလ်ကို ၃ ပတ်ကြာလောက်လက်လွှတ်ရမယ်လို့ မျှော်လင့်ထားတာပါ။အာနိုးလ်ရဲ့ဒဏ်ရာဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေရရှိနေတဲ့ လီဗာပူးလ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အာနိုးလ်အပြင် နောက်ခံလူတွေဖြစ်တဲ့ ရောဘတ်ဆန်၊ မာတစ်နဲ့ ဆီမီကတ်စ်တို့ကို အနားပေးထားရပြီး ရောဘတ်ဆန်နဲ့ ဆီမီကတ်စ်တို့ဟာ အခုလအကုန်မှာ အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်မယ်လို့သိရပါတယ်။အာနိုးလ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၂၅ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၉ ဂိုးဖန်တီးထားပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ