Premier League

ဂန္ထဝင် ဒီဘရိုင်းက မန်စီးတီးကို ချန်ပီယံဆုရအောင်ဦးဆောင်တဲ့သူလို့ ဂွာဒီယိုလာချီးကျူး

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နယူးကာဆယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် လူစားဝင်ပြီး ဂိုးသွင်းဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်းကို ဂန္ထဝင်အဖြစ် တင်စားခေါ်ဝေါ်သွားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၉ မိနစ်မှာ မန်စီးတီးအသင်းအတွက် လူစားဝင်လာခဲ့ပြီး အဖိုးတန်ချေပဂိုးနဲ့ အောစကာဘော့အနိုင်ဂိုးသွင်းယူနိုင်အောင်ဖန်တီးနိုင်ခဲ့တာပါ။ဒီပွဲဟာ ဒီဘရိုင်းအတွက် တံကောက်ကြောဒဏ်ရာကြောင့် ၅ လကြာအနားယူရပြီးနောက် ပထမဆုံးပြန်ကစားနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဂွာဒီယိုလာက “သူဟာ ဂန္ထဝင်တစ်ဦးပါ။သူဟာ မိနစ် ၉၀ ပါဝင်ကစားဖို့အဆင်သင့်မဖြစ်ပေမယ့် နောက်ဆုံးမိနစ်တွေမှာ သက်ရောက်မှုရှိခဲ့ပါတယ်။သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကြောင့် လူတွေက သူ့ကို နှစ်သက်ကြပြီး သူဟာ ကျနော်တို့ကို အဆုံးထိကူညီပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း”ဆိုခဲ့ပါတယ်။

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ FA ဖလားပွဲစဉ်ဖြစ်တဲ့ ဟက်ဒါဖီးစ်အသင်းနဲ့ပွဲစဉ်မှာလည်း မန်စီးတီးအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ပြီး ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ