Premier League

မာရှယ်ကို ကြံ့ခိုင်မှုပိုင်းကောင်းအောင် တစ်ဦးတည်းလေ့ကျင့်ခိုင်းထားတဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူး မာရှယ်ကို ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်ခိုင်းထားပြီး ကြံ့ခိုင်မှုပိုင်းကောင်းမွန်မှ အသင်းအတွက် ပြန်လည်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိတော့သလို ဖျားနာခဲ့ပြီးနောက် အသင်းဖော်တွေနဲ့ပါ လေ့ကျင့်မှုမပြုလုပ်ရတော့တာပါ။အဲရစ်တန်ဟတ်ကတော့ မာရှယ်ဟာ ဖျားနာမှုပြန်လာပြီးကတည်းက လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိဘူးလို့ ယူဆထားပါတယ်။

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ မာရှယ်ကို ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်ခိုင်းထားတာဖြစ်ပြီး ဒါဟာ စည်းကမ်းပိုင်းဆိုင်ရာကြောင့် မဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ယူနိုက်တက်နဲ့ မာရှယ်တို့ရဲ့စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ မရှိတော့တာပါ။

အဲ့ဒါကြောင့် အခုအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းဟာ မာရှယ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပေမယ့် ကစားသမားကတော့ အသင်းမှာ ပြန်လည်ကစားခွင့်ရဖို့ တိုက်ပွဲဝင်ချင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ