Premier League

စပါးနဲ့အတူ ဆုဖလားရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့တဲ့ တီမိုဝါနာ

အခုဇန်နဝါရီအပြောင်းအရွှေ့မှာ လိုက်ပ်ဇ်စ်အသင်းကနေ အငှားနဲ့ ရောက်ရှိလာတဲ့ တိုက်စစ်မှူး တီမိုဝါနာက စပါးအသင်းနဲ့အတူ ဆုဖလားတွေရယူဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုက်ပါတယ်။

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အာရှဖလားပြိုင်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံအသင်းထံ ပေးပို့ထားရတာကြောင့် တီမိုဝါနာကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့တာပါ။စပါးအသင်းဟာ တီမိုဝါနာနဲ့ ချုပ်ဆိုထားတဲ့အငှားစာချုပ် ကုန်ဆုံးချိန်မှာ အပြီးသတ်ဝယ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။

တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံရှိခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ အသင်းဟောင်း လိုက်ပ်ဇစ်အသင်းထံ ပြန်ပြောင်းခဲ့တာပါ။တီမိုဝါနာဟာ ဒီရာသီ လိုက်ပ်ဇစ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေလို့ အခုအပြောင်းအရွှေ့မှာ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တီမိုဝါနာက”ကျနော်ဒီမှာ အကောင်းဆုံးကစားသမားအဖြစ် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ကျနော်ဟာ ရှေ့တန်းမှာရှိတဲ့နေရာတိုင်းမှာ ကစားနိုင်ပြီး ဒါက ကျနော့်ရဲ့အားသာချက်တွေထဲက တစ်ခုပါ။ကျနော့်ရဲ့ရည်ရွယ်ချက်က ဒီလိဂ်မှာ နောက်ထပ်အနိုင်ရဖို့နဲ့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ပါ”လို့ ဆိုခဲ့ပါတယ်။

တီမိုဝါနာဟာ ဒီတစ်ပတ်ကစားမယ့် ယူနိုက်တက်နဲ့ စပါးအသင်းပွဲစဉ်မှာ စပါးအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်ကစားဖို့ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ