Europa League

ရော်နယ်ဒိုလို အောင်ပွဲခံခွင့်ရဖို့ ကွင်းထဲမှာတင် ခွင့်တောင်းခဲ့တဲ့ ဂါနာချို

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ဂါနာချိုဟာ မနေ့ညက ဆိုစီဒက်နဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ရော်နယ်ဒိုလိုမျိုး အောင်ပွဲခံခွင့်ရဖို့ အဆိုပါ ပေါ်တူဂီသားကြီးကို ခွင့်တောင်းခဲ့ကြောင်း သိရှိရပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် (၁၇) မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့်ပဲ ဂါနာချိုက ဧရိယာထဲကို ဘောလုံးနဲ့အတူ ဆွဲပြေးဝင်ပြီး အခွင့်အရေးကို အဆုံးသတ်ခဲ့တာပါ။

ဒါဟာ သူ့အတွက် ယူနိုက်တက် စီနီယာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ဒီသွင်းဂိုးကို ဖန်တီးပေးခဲ့သူကလည်း သူ့ရဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒိုဖြစ်ခဲ့တာဟာ ဂါနာချိုအတွက် ကျေနပ်စရာကောင်းခဲ့ပါတယ်။

ဂါနာချိုဟာ ဂိုးသွင်းအပြီးမှာ ရော်နယ်ဒိုအပါအဝင် ယူနိုက်တက်အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံရင်း ရော်နယ်ဒိုလိုမျိုး အောင်ပွဲခံခွင့်ရဖို့ အဆိုပါ ကစားသမားကြီးကို တိုက်ရိုက် ခွင့်တောင်းခဲ့ပါတယ်။

ဂါနာချိုအနေနဲ့ ရော်နယ်ဒိုကို အမူအရာနဲ့ ခွင့်တောင်းခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ ရယ်ရယ်ပြုံးပြုံးနဲ့ပဲ ဂါနာချိုရဲ့ ခေါင်းကို ပွတ်ပြီး ခွင့်ပြုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂါနာချိုဟာ ရော်နယ်ဒိုလိုမျိုး ရင်ဘတ်ပေါ်ကို လက်နှစ်ဖက်တင်ကာ အောင်ပွဲခံသွားခဲ့ပါတယ်။

ပွဲအပြီးမှာလည်း ဂါနာချိုက “ဒီအခိုက်အတန့်ကို (၁၈) နှစ်နဲ့ (၁၂၅) ရက်ကြာ အိပ်မက်မက်ခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ် အိုင်ဒေါလ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ