Europa League

အသင်းလည်းရှုံး ‌ဆီးထုပ်တွေနဲ့လည်း ပစ်ပေါက်ခံခဲ့ရတဲ့ ဆာရီ

လာဇီယိုနည်းပြ ဆာရီဟာ ဖီယင်နုနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲကြည့်စင်ပေါ်က ဖီယင်နုပရိသတ်တွေဟာ ဆီးထုပ်တွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ ဖီယင်နုအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်ခဲ့ပေမယ့် လာဇီယိုအသင်းက ယူရိုပါလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ဒီရလဒ်ဟာ ဆာရီနဲ့ သူ့အသင်းအတွက် ဆိုးရွားတဲ့ရလဒ်ဖြစ်ခဲ့ပါတယ်။

ဆာရီက “ဆီးသွားထားတဲ့ အထုပ်တွေနဲ့ ပွဲကြည့်စင်ပေါ်ကနေ အရန်ခုံတန်းအနောက်ဘက်ကို ပစ်ချခဲ့ကြပါတယ်။တော်တော်လည်း ဒေါသထွက်စရာကောင်းပါတယ်”လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

လာဇီယိုအသင်းဟာ ဒီပွဲမှာအရေးနိမ့်ခဲ့လို့ အုပ်စုကနေ ထွက်ခဲ့ရပေမယ့် ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။လာဇီယိုအသင်းဟာ ပြိုင်ပွဲစုံ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

စီးရီးအေ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ လာဇီယိုအသင်းဟာ ဒီတစ်ပတ်စီးရီးအေပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ဒါဘီပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ