Europa League

ဆုဖလားယူချင်ရင် ကြိုက်တဲ့အသင်းနဲ့ တွေ့ပါစေ ရင်ဆိုင်ရမှာပဲလို့ ဘရူနိုဖာနန်ဒက်စ်ပြော

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ ယူရိုပါလိဂ်ဖလားကို ရချင်တယ်ဆိုရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင်ရမှာပဲလို့ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုစီဒက်ကိုအနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယသာရရှိခဲ့တာပါ။အဲ့ဒါကြောင့် ယူရိုပါလိဂ်ပလေးအောဖ့်အဆင့်အဖြစ် ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီအဆင့်မှာ ဘာစီလိုနာ၊ အေဂျတ်စ်၊ဂျူဗင်တပ်စ်၊ ဆီဗီလာစတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

ဘရူနိုဖာနန်ဒက်စ်က “ဒါကို ကျွန်တော်တို့ ကြည့်ဖို့ မလိုပါဘူး။ကျွန်တော်တို့ဟာ ဒါကို ရှောင်နိုင်ဖို့ အရင်လုပ်ခဲ့ပါတယ်။ဒါပေမယ့် အခု ကျွန်တော်တို့ သူတို့ထဲက တစ်သင်းနဲ့ ကစားရပါမယ်။ဒါက ပြဿနာမရှိပါဘူး”

“ပြိုင်ပွဲမှာ ဆုဖလားရချင်ရင် ဘယ်လိုအခြေအနေမှာမဆို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမှာပါ။အနှေးနဲ့ အမြန်ပါပဲ။ဒီအတွက်လည်း ကျွန်တော်တို့ အဆင်သင့်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

NoManchester United’s Alejandro Garnacho, right, celebrates with teammates after scoring his side’s first goal during the Europa League Group E soccer match between Real Sociedad and Manchester United at the Reale Arena in San Sebastian, Spain, Thursday, Nov. 3, 2022. (AP Photo/Alvaro Barrientos)

ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲနဲ့အတူ ပြိုင်ပွဲစုံ ၉ ပွဲဆက်ရှုံးပွဲမရှိတာလည်းဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ