Europa League

ဂိုးမပြတ်ခဲ့လို့ ချန်ပီယံလိဂ်ကနေ ပြုတ်လာတဲ့သူတွေနဲ့ ခရီးဆက်ရဦးမယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ယူနိုက်တက်အတွက် ဒီဂိုးကို ရော်နယ်ဒိုရဲ့ဖန်တီးပေးမှုကနေ လူငယ်ကစားသမား ဂါနာချိုက သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးရဖို့ အခွင့်အရေးတွေရပေမယ့် ရော်နယ်ဒိုအသုံးမချနိုင်ခဲ့သလို ဂိုးသမား ဒီဂီယာလက်စွမ်းပြတာတွေကြောင့်လည်း ဂိုးပြန်မပေးခဲ့ရတာပါ။ဒါပေမယ့် အနိုင်ရလဒ်မပြတ်သားခဲ့လို့ ယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်ကိုတိုက်ရိုက်မတက်နိုင်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ ဆိုစီဒက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုရလဒ်ချင်းတူညီခဲ့ပြီး ဂိုးကွာခြားချက်မှာ ဆိုစီဒက်က အသာရခဲ့တဲ့အတွက် အုပ်စုတွင်းဒုတိယသာရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ယူရိုပါလိဂ်ပလေးအောဖ့်ပွဲစဉ်ဆက်လက်ယှဉ်ပြိုင်ရမှာပါ။

ဆိုစီဒက်အသင်းကတော့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ပလေးအောဖ့်အဆင့်မှာ ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ အေဂျတ်စတဲ့ ထိပ်သီးအသင်း ၁ သင်းသင်းနဲ့ ရင်ဆိုင်ရဖွယ်ရှိတာပါ။

ယူနိုက်တက်အသင်းဟာ ပလေးအောဖ့်ပွဲစဉ်တွေကို ဖေဖော်ဝါရီလမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကြပ်တွေကို ဆက်လက်ဖြတ်သန်းရဦးမှာပါ။ဒီအဆင့်အတွက် မဲခွဲမှုကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ