Europa League

ရော်နယ်ဒိုလို အောင်ပွဲခံခွင့်ရဖို့ ကွင်းထဲမှာတင် ခွင့်တောင်းခဲ့တဲ့ ဂါနာချို

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ဂါနာချိုဟာ မနေ့ညက ဆိုစီဒက်နဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ရော်နယ်ဒိုလိုမျိုး အောင်ပွဲခံခွင့်ရဖို့ အဆိုပါ ပေါ်တူဂီသားကြီးကို ခွင့်တောင်းခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၁၇) မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့်ပဲ ဂါနာချိုက ဧရိယာထဲကို ဘောလုံးနဲ့အတူ ဆွဲပြေးဝင်ပြီး အခွင့်အရေးကို အဆုံးသတ်ခဲ့တာပါ။ ဒါဟာ သူ့အတွက် ယူနိုက်တက် စီနီယာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ဒီသွင်းဂိုးကို ဖန်တီးပေးခဲ့သူကလည်း သူ့ရဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒိုဖြစ်ခဲ့တာဟာ ဂါနာချိုအတွက် ကျေနပ်စရာကောင်းခဲ့ပါတယ်။ ဂါနာချိုဟာ ဂိုးသွင်းအပြီးမှာ ရော်နယ်ဒိုအပါအဝင် ယူနိုက်တက်အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံရင်း ရော်နယ်ဒိုလိုမျိုး အောင်ပွဲခံခွင့်ရဖို့ အဆိုပါ ကစားသမားကြီးကို တိုက်ရိုက် ခွင့်တောင်းခဲ့ပါတယ်။ ဂါနာချိုအနေနဲ့ […]