Serie A

ဘန်ဇီမာနဲ့ပတ်သက်လို့ သူဟောကိန်းထုတ်ခဲ့တာမှန်ကြောင်း အီဘရာဟီမိုဗစ် ပြောကြား

အေစီမီလန် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာ ဘလွန်းဒီအော်ရသွားတဲ့အပေါ် သူပြောခဲ့တဲ့ စကားတွေ မှန်ကန်ကြောင်း ပြင်သစ်မီဒီယာတွေကို ပြန်လည် ထိုးနှက်လိုက်ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားလေးလုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး (၂၀၂၂) ရဲ့ ဘလွန်းဒီအော်ဆုကိုလည်း အငြင်းပွားဖွယ်မရှိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး ဘန်ဇီမာနဲ့ ပတ်သက်လို့ အီဘရာဟီမိုဗစ်က “အခု ဘန်ဇီမာ ဘလွန်းဒီအော်ရသွားပြီဆိုတော့ ဂျာနယ်လစ်တွေက ဘာပြောလဲဗျ။ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားတုန်းက ကျနော် ပြောခဲ့တာရှိပါတယ်”

“ဘန်ဇီမာက ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်တယ်ဆိုပြီးတော့ပေါ့။ ကျနော် အဲ့ဒီလိုပြောလို့ဆိုပြီး ပြင်သစ်ဂျာနယ်လစ်တွေက ကျနော့်ကို တိုက်ခိုက်ကြတယ်ဗျာ”

“အခု ဘန်ဇီမာ ဘလွန်းဒီအော်ရပါပြီ။ ဒီဂျာနယ်လစ်တွေ ဘာတွေးနေမလဲ ကျနော် သိချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကလပ်အသင်းဖော် ဂျရူး ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရသင့်ကြောင်းလည်း အီဘရာဟီမိုဗစ်က ပြောပါတယ်။

အီဘရာဟီမိုဗစ်က “ဂျရူးက တနှစ်ကို ဂိုး (၄၀) လောက် မသွင်းနိုင်ပေမယ့် အသင်းအတွက် အခြားသူတွေ မလုပ်ပေးနိုင်တဲ့အရာမျိုးကို လုပ်ပေးနိုင်ပါတယ်”

“အသင်းက သူ့ကို တည်ကစားရတာမျိုး မဟုတ်ဘဲ သူက အသင်းအတွက် ကစားပေးတာပါ။ သူက ကာတာကမ္ဘာ့ဖလားမှာ အရွေးခံရဖို့ ထိုက်တန်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို