ပြင်သစ်လီဂူး

နေမာထွက်သွားတဲ့အတွက် ပျော်ရွှင်ကြောင်းပြသခဲ့တဲ့ PSG ပရိသတ်များ

PSG ultras အဖွဲ့ဟာ လန်းစ်အသင်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မတိုင်ခင်မှာ နေမာထွက်ခွာသွားတဲ့အတွက် ပျော်ရွှင်နေကြောင်းကို ပြသတဲ့ စာတန်းကို ထုတ်ဖော်ခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ၆ နှစ်ကြာကစားပြီးနောက် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ အခုနွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့သွားခဲ့တာပါ။ပီအက်စ်ဂျီအုပ်စုအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေထဲက နေမာအသင်းကနေ ထွက်ဖို့ သူ့ရဲ့အိမ်ရှေ့မှာ သွားရောက်အော်ဟစ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီပရိသတ်တွေဟာ နေမာဆိုတဲ့နာမည်နဲ့ နောက်ဆုံးတော့ အရိုင်းအစိုင်းကို ဖယ်ထုတ်နိုင်လိုက်ပြီလို့ ရေးသားခဲ့တာပါ။ပီအက်စ်ဂျီအသင်းဟာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးက ၂၀၁၇ က ခေါ်ယူခဲ့ပေမယ့် အသင်းလိုချင်တဲ့ ချန်ပီယံလိဂ်ဖလားတော့ ရယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် နေမာဟာ မကြာခဏဆိုသလို ဒဏ်ရာတွေကြောင့် အနားယူနေရတဲ့အပေါ် အသင်းပရိသတ်တွေက စိတ်ပျက်နေပြီး အခုနေမာ ထွက်ခွာသွားခဲ့တဲ့အပေါ် ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။နေမာဟာ အသင်းသစ် အယ်လ်ဟီလယ်အသင်းမှာလည်း ပွဲမထွက်နိုင်သေးဘဲ ဒဏ်ရာကြောင့် အပေါ့စားလေ့ကျင့်မှုတွေသာ ပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။