လီဗာပူးလ်အသင်းနည်းပြက နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန်ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ရတဲ့အတွက် စိတ်ပျက်နေတယ်လို့ နည်းပြ ကလောပ့်က ပြောခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းကို ၁ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေတဲ့အချိန်မှာ လူစားလဲဝင်ရောက်လာပြီး ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းဂိုးသွင်းပေးကာ အသင်းကို အရှုံးကနေ အနိုင်ရအောင်လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒါဝင်နူနက်ဇ်ဟာ စိတ်ပျက်နေခဲ့တာပါ။
ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းရဲ့ရာသီသစ်ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နေရတဲ့အပေါ်မှာ စိတ်ပျက်နေခဲ့တယ်လို့ နည်းပြ ကလောပ့်က ပြောခဲ့တာဖြစ်ပါတယ်။

ကလောပ့်က “သူမပျော်ရွှင်ဘူးဆိုတာ ရှင်းနေပါတယ်။သူကစားရမယ်ဆိုတာတော့ သံသယမရှိပါဘူး။လူတိုင်းလိုအပ်ပြီး ကျွန်တော်တို့ ကစားနည်းကို ရှာဖွေရမှာပါ။ကျွန်တော်တို့ဟာ ကစားသမားသစ်တွေနဲ့ အသင်းသစ်ပါ။အချိန်တွေလိုအပ်ပါတယ်”
“ဒါဝင်ဟာ နှစ်ဂိုးသွင်းပြီးချိန်မှာ သူ့မျက်နှာပေါ်က အပြုံးကို မပြသနိုင်ခဲ့ပါဘူး။အသင်းအတွက် အတူတူလုပ်ဆောင်ရမှာဖြစ်ပြီး ခင်ဗျားအနေနဲ့ အတင်းအကြပ်လုပ်လို့မရပါဘူး”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်ရရှိထားပြီး လာမယ့်အပတ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။