Premier League

ဘယ်နောက်ခံပြဿနာအတွက် ကူကူရယ်လာကို ဆက်သွယ်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံကစားသမားတွေရဲ့ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းဘယ်နောက်ခံလူ ကူကူရယ်လာကို အငှားနဲ့ ခေါ်ယူဖို့ ဆက်သွယ်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ လုပ်ခ်ရှောနဲ့ မာလာစီယာတို့ဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် ဒီအခြေအနေကို ဖြေရှင်းဖို့ နွေရာသီဈေးကွက်မပိတ်ခင်မှာ ဘယ်နောက်ခံကစားသမားတွေကို ရှာဖွေနေခဲ့တာပါ။ဒီအချိန်မှာ ချယ်လ်ဆီးအသင်းမှာ အပယ်ခံဖြစ်နေတဲ့ ကူကူရယ်လာကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံကစားသမားအတွက် ငွေကြေးအများကြီးမသုံးစွဲချင်နေတာကြောင့် အလွတ်နဲ့ရမယ့်သူတွေ၊အငှားနဲ့ ခေါ်ယူလို့ရမယ့် သူတွေကိုသာ စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒီအချိန်မှာ ကူကူရယ်လာဟာ ယူနိုက်တက်အသင်းရဲ့ပစ်မှတ် ၃ ဦးထဲက ၁ ဦးအဖြစ်ရှိနေခဲ့တာပါ။

ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်မရဖြစ်နေပြီး လန်ဒန်ကလပ်ရဲ့အစီအစဉ်မှာ ပါဝင်ဖွယ်မရှိတာကြောင့် ထွက်ခွာရဖွယ်ရှိနေပါတယ်။ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကူကူရယ်လာအတွက် ချယ်လ်ဆီးအသင်းကို တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ