ပြင်သစ်လီဂူး

ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့အကောင်းဆုံးဆုတစ်ဆုကို ရယူနိုင်ခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း မက်ဆီဟာ ပြီးခဲ့တဲ့ရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့အကောင်းဆုံးနိုင်ငံခြားသားကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းအတွက် ၁၆ ဂိုးသွင်းပြီး ၁၆ ဂိုးဖန်တီးကာ အသင်း လီဂူးဝမ်းဖလားရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီပြိုင်ပွဲရဲ့အကောင်းဆုံးနိုင်ငံခြားသားကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်လို့ အသင်းကနေ ထွက်ခွာပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ သွားရောက်ကစားတော့မှာပါ။မက်ဆီဟာ ပီအက်စ်ဂျီအသင်းပရိသတ်တွေ သူ့အပေါ်လှောင်ပြောင်မှုတွေကို စိတ်ပျက်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မက်ဆီဟာ မကြာခင်မှာ အင်တာမိုင်ယာမီအသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုူတွေစတင်တော့မှာဖြစ်ကာ ဇူလိုင်လ ၂၁ ရက်မှာကစားမယ့် မက္ကဆီကိုကလပ် ခရုစ်အဇူလ်နဲ့ပွဲမှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ လက်ရွေးစင်အသင်းဖော်ဟောင်း မက်ဆီရိုဒရီဂွတ်ဇ်နဲ့ လက်ရွေးစင်ကစားသမားဟောင်း ရီကွယ်လ်မီးတို့ရဲ့ ဂုဏ်ပြုပွဲတွေမှာ ဝင်ရောက်ကစားနေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။