Laliga

ဆော်ဒီရဲ့ မက်လောက်စရာကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ရီးရယ်လ်နဲ့ မိုဒရစ်စာချုပ်သက်တမ်းတိုး

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့ ၂၀၂၄ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီလို့ ကလပ်အသင်းက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ချုပ်ဆိုထားတဲ့ အရင်စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းက ၁ နှစ်သက်တမ်းတိုးခဲ့လို့ လာမယ့်ရာသီအကုန်ထိ အသင်းမှာဆက်ရှိတော့မှာဖြစ်ပါတယ်။မိုဒရစ်ဟာ စပိန်ကလပ်နဲ့ စာချုပ်သစ်မချုပ်ခင် ဆော်ဒီကလပ်အသင်းတွေရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေကို ရရှိခဲ့တာပါ။

ဒါပေမယ့် ကစားသမားဟာ ဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ရီးရယ်လ်အသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါ။မိုဒရစ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၂ ထဲကရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ လာမယ့်ရာသီ စပိန်ကလပ်မှာ ပုံမှန်ကစားခွင့်ရဖို့ မသေချာပေမယ့် ရီးရယ်လ်အသင်းနဲ့အတူ ကစားသမားဘဝကို အဆုံးသတ်ဖို့ ရည်ရွယ်ထားပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။ရီးရယ်လ်ဟာ မိုဒရစ်မတိုင်ခင် ဝါရင့်ကစားသမားတွေဖြစ်တဲ့ နာချို၊ တိုနီကရူးစ်တို့ကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ခဲ့ပါတယ်။

မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၄၈၈ ပွဲပါဝင်ကစားခဲ့ပြီး ၃၇ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား