Premier League

အပြောင်းအရွှေ့မကြေညာခင်မှာ အာဆင်နယ်ဂျာစီဝတ်ထားတဲ့ ဟာဗတ်ဇ်ရဲ့ပုံပေါက်ကြားလာ

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းတိုက်စစ်ကစားသမား ဟာဗတ်ဇ်ကို ခေါ်ယူနိုင်ပြီလို့ မကြေညာခင်မှာ ကစားသမားဟာ အသင်းရဲ့ဂျာစီဝတ်ဆင်ထားတဲ့ပုံက အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဟာဗတ်ဇ်ကို ချယ်လ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီး အပြောင်းအရွှေ့ကို ကြေညာဖို့ပဲ ကျန်ရှိတော့တာပါ။ဒါပေမယ့် ဟာဗတ်ဇ်ဟာ အာဆင်နယ်ရဲ့ရာသီသစ်အိမ်ကွင်းဂျာစီဝတ်စုံကို ဝတ်ဆင်ပြီး ရိုက်ကူးထားတဲ့ပုံက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂျာမနီကစားသမားဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာဖို့ ရှိနေတာပါ။ဟာဗတ်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပေမယ့် အာတီတာက ဂျာမနီကစားသမားရဲ့အရည်အသွေးကို တန်ဖိုးထားပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ၂၀၂၀ က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် ၁၃၉ ပွဲပါဝင်ကစားပြီး ၃၂ ဂိုးသွင်းယူကာ ၁၅ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဟာဗတ်ဇ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးဘက်ကို အနိုင်ဂိုးသွင်းတာက အမှတ်ရစရာဖြစ်ရပ်အဖြစ်ရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ အေဂျတ်ဇ်နောက်ခံလူ တင်ဘာစ်တို့ကို ခေါ်ယူဖို့လည်း ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ