ပြင်သစ်လီဂူး

ပီအက်စ်ဂျီမှာ ရှိခဲ့တဲ့ ၂ နှစ်ကို မပျော်ရွှင်ခဲ့ဘူးလို့ ပြောခဲ့တဲ့ မက်ဆီ

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာရှိခဲ့တဲ့ ၂ နှစ်ကို မပျော်ရွှင်ခဲ့ဘူးလို့ အင်တာမိုင်ယာမီကို ပြောင်းဖို့ အတည်ပြုပြီးနောက် ပြောလိုက်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြောင်းမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာရှိခဲ့တဲ့ ၂ နှစ်စလုံး ချန်ပီယံလိဂ်ဖလားမရယူပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီး ပရိသတ်တွေက မက်ဆီကို အသင်းကနေ တွန်းအားပေးခဲ့တာပါ။မက်ဆီကိုယ်တိုင်ကလည်း အိမ်ကွင်းပွဲတွေမှာ ဒီလိုကြုံတွေ့ခဲ့ရတာကို စိတ်ပျက်ပြီး စာချုပ်သစ်မချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီက “ကျွန်တော်မပျော်ရွှင်ခဲ့ရတဲ့ ၂ နှစ်ရှိခဲ့ပါတယ်။ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့လို့ ကျွန်တော့်အတွက် အံ့မခန်းဖြစ်ခဲ့ရပေမယ့် အဲ့ဒါကလွဲပြီး ကျန်တာက ကျွန်တော့်အတွက် ခက်ခဲတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။ပျော်ရွှင်မှုတွေကို ပြန်လည်ရှာဖွေချင်ပါတယ်”

“ကျွန်တော့်မိသားစု၊ ကျွန်တော့်ကလေးတွေနဲ့ နေ့စဉ်ပျော်ရွှင်ချင်ပါတယ်။အဲ့ဒါကြောင့် ဘာစီလိုနာကို ပြန်ဖို့ ဆုံးဖြတ်ချက်လည်း မဖြစ်ခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။မက်ဆီဟာ ဇူလိုင်လမှာ အသင်းဖော်အသစ်တွေနဲ့ သွားရောက်ပူးပေါင်းဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။