Uncategorized

ယူရိုပါကွန်းဖရန့်စ်လိဂ်ချန်ပီယံဆုကို ရယူပြီး ၄၃ နှစ်ကြာဆုဖလားမရတာကို ဝက်စ်ဟမ်းအဆုံးသတ်

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ်ဗိုလ်လုပွဲအဖြစ် ဖီအိုရင်တီးနားအသင်းနဲ့ ကစားခဲ့ရာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲရဲ့ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဘန်ရာမာက ပင်နယ်တီကနေ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာ ဘိုနာဗန်တူရာက ဖီအိုရင်တီးနားအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ပွဲက ၁ ဂိုးစီသရေနဲ့ ပြီးဆုံးမယ်လို့ ထင်ထားခဲ့ချိန် မိနစ် ၉၀ မှာ ဝက်စ်ဟမ်းအသင်းအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးကို ဘိုဝင်က သွင်းယူခဲ့တာပါ။အဲ့ဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ ဖီအိုရင်တီးနားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာ ၁၉၈၀ နောက်ပိုင်း နှစ်ပေါင်း ၄၃ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားမရတာကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် ဥရောပချန်ပီယံဆုကိုတော့ ရယူနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest