ပြင်သစ်လီဂူး

ပီအက်စ်ဂျီပထမအသင်းနဲ့ လေ့ကျင့်မှုပြုလုပ်ခြင်းမရှိတဲ့ ဘတ်ပီ

ပီအက်စ်ဂျီအသင်းဟာ ရာသီသစ်လီဂူးဝမ်းပွဲစဉ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပေမယ့် ဘတ်ပီဟာ ပထမအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ စာချူပ်သက်တမ်းတိုးမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်ထားတာပါ။ဘတ်ပီဟာ ပီအက်စ်ဂျီရဲ့စာချုပ်သစ်ကို ငြင်းဆန်ထားပြီး စာချုပ်ကုန်ဆုံးမယ့် ၂၀၂၄ နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အလွတ်နဲ့ မဆုံးရှုံးရအောင် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ လုပ်ဆောင်နေတာပါ။ဒီလိုအကြောင်းတွေကြောင့်ပဲ ပြင်သစ်ကလပ်ဟာ ဘတ်ပီကို အာရှခရီးစဉ်ရဲ့အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက မပြောင်းရွှေ့ချင်တာကြောင့် ဒီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ကို ငြင်းဆန်ခဲ့တာပါ။ဘတ်ပီဟာ လက်ရှိအချိန်မှာ အသင်းရဲ့ A အစုအဖွဲ့နဲ့လေ့ကျင့်မှုပြုလုပ်ခြင်းမရှိတာဖြစ်ပါတယ်။

A အစုအဖွဲ့ဟာ ပီအက်စ်ဂျီအသင်းရဲ့လီဂူးဝမ်းအဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်မယ့် ကစားသမားတွေဖြစ်တယ်လို့ သိရပါတယ်။ဘတ်ပီကတော့ ပီအက်စ်ဂျီအသင်းက ဘယ်လိုပဲ ကမ်းလှမ်းကမ်းလှမ်း စာချုပ်ကုန်ဆုံးတဲ့အချိန်ထိ ဆက်ရှိပြီး အလွတ်နဲ့ ထွက်ခွာဖို့ကိုပဲ ဦးတည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။