မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက ဒါးလတ်စ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး လိဂ်ဖလားကွာတားဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ပွဲချိန်အတွင်းမှာ တစ်ဖက် ၄ ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲရဲ့ပွဲချိန်အတွင်းမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် မက်ဆီက ခြေစွမ်းပြပြီး အသင်းအတွက် အဖိုးတန်ချေပဂိုးရရှိအောင် သွင်းယူနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာကတည်းက အသင်းအတွက် ခြေစွမ်းပြသနေပြီး အသင်းကို နိုင်ပွဲတွေရရှိအောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် လိဂ်ဖလား ၄ ပွဲကစားအပြီးမှာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူထားခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာ ဟောစတန်ဒိုင်နမိုနဲ့ ချားလောဒ့်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။