Transfer

အယ်လ်အီတီဟတ်နဲ့ ဆာလတ်ရဲ့အပြောင်းအရွှေ့သတင်းတွေကို အေးဂျင့်ငြင်း

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလတ်ဟာ ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်အီတီဟတ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ကစားသမားရဲ့အေးဂျင့်က ငြင်းဆန်သွားခဲ့ပါတယ်။

အယ်လ်အီတီဟတ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဘန်ဇီမာ၊ ကန်တီ၊ဖာဘင်ဟိုနဲ့ ဂျိုတာတို့ကို ခေါ်ယူပြီးနောက် ဥရောပရှိထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ထပ်ပြီးကြိုးစားနေတာပါ။အခုအချိန်မှာ အယ်လ်အီတီဟတ်အသင်းဟာ ဆာလတ်ကို ၂ နှစ်စာချုပ်လုပ်ခလစာ ပေါင်သန်း ၁၅၀ ကျော်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆာလတ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ လီဗာပူးလ်အသင်းမှာ ၂၀၂၅ အထိရှိမယ့် ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အဲ့ဒါကြောင့် အေးဂျင့်က ဆာလတ်ဟာ လီဗာပူးလ်မှာပဲ ဆက်ရှိသွားမယ်လို့ ပြောသွားခဲ့တာပါ။

ဆာလတ်ရဲ့အေးဂျင့်က “မိုဟာမတ်က လီဗာပူးလ်မှာပဲ ဆက်ရှိမှာပါ။အခုနှစ်မှာ လီဗာပူးလ်က ထွက်ခွာဖို့ စဉ်းစားခဲ့ရင် စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူး”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

၂၀၁၇ က ရိုးမားကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ၃၀၅ ပွဲပါဝင်ကစားထားပြီး ၁၈၆ ဂိုးသွင်းယူကာ ဆုဖလားအားလုံးကို ရယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Transfer

မက်ဆီကို နောက်ထပ်သုံးနှစ်သုံးမိုး အပိုင်ချုပ်ထားဖို့ ပီအက်စ်ဂျီတို့ မျှော်လင့်နေ

ပီအက်စ်ဂျီအသင်းဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ကြယ်ပွင့် မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားက အသင်းသစ်နဲ့