ပြင်သစ်လီဂူး

စာချုပ်သစ်ချုပ်မလား၊ ရောင်းချခံမလားဆိုတာ ရွေးဖို့ ဘတ်ပီကို အချိန်ပေးလိုက်တဲ့ အယ်လ်ခီလိုင်ဖီ

ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက တိုက်စစ်မှူး ဘတ်ပီကို အလွတ်နဲ့ ပေးထွက်မှာမဟုတ်ဘူးလို့ ပြောလိုက်ပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ချဖို့ အချိန်ပေးလိုက်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ပြောထားပြီး စာချုပ်သစ်ချုပ်မှာမဟုတ်ပေမယ့် ဒီရာသီအသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားသွားမယ်လို့ အတည်ပြုထားပါတယ်။အယ်လ်ခီလိုင်ဖီကတော့ ဒါကို လက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။

အယ်လ်ခီလိုင်ဖီက “ကျွန်တော်တို့က ဘတ်ပီကို အသင်းမှာဆက်ပြီးရှိစေချင်တဲ့အတွက် သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဖို့ လိုပါတယ်။ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးကစားသမားကို အလွတ်နဲ့ ထွက်ခွာခွင့်မပေးနိုင်ပါဘူး။ဒါက မဖြစ်နိုင်ပါဘူး”

“အဲ့ဒါကြောင့် ဘတ်ပီအနေနဲ့ လာမယ့်တစ်ပတ်၊နှစ်ပတ်အတွင်းမှာ အနာဂတ်ကို ဆုံးဖြတ်ရမှာပါ။စာချုပ်သစ်မချုပ်ဘူးဆိုရင်တော့ ရောင်းချဖို့ တံခါးတွေဖွင့်ထားပါတယ်။တခြားသူတွေလည်း ဒီလိုပါပဲ။ဘယ်သူကမှ ကလပ်ထက်ပိုပြီးကြီးမားတဲ့သူမရှိပါဘူး။ကျွန်တော်လည်းအပါအဝင်ပါ။ဒါက ရှင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

အဲ့ဒါကြောင့် ဘတ်ပီအနေနဲ့ အနာဂတ်ကို မကြာခင်အချိန်အတွင်းမှာ ဖြေရှင်းရမှာဖြစ်ပြီး စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။