ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဟာဇတ်ကို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

မက်ဆီနဲ့ ဘတ်စ်ကွက်တို့ိကို ခေါ်ယူနိုင်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ ကစားသမားအများအပြားနဲ့ ချိတ်ဆက်နေပြီး ဒီထဲမှာ ဟာဇတ်လည်း ပါဝင်လာခဲ့တာပါ။ဟာဇတ်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဘယ်လ်ဂျီယံအသင်းတွေထံ ပြန်လာနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။
ဟာဇတ်ဟာ ကစားသမားဘဝကနေ အနားယူနိုင်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမားကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပေမယ့် အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်မချရသေးတာပါ။ဘယ်လ်ဂျီယံပရိုလိဂ်ကလပ် မိုလမ်ဘီအသင်းက ဟာဇတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ ဟာဇတ်ကို ခေါ်ယူနိုင်အောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။ဟာဇတ်ဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေပြီး မကြာခင်မှာ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ ရှိနေပါတယ်။
အင်တာမိုင်ယာမီအသင်းကတော့ လာလီဂါကစားသမားဟောင်းတွေဖြစ်တဲ့ အယ်လ်ဘာနဲ့ရာမို့စ်တို့ကို ခေါ်ယူနိုင်ဖို့လည်း ချိတ်ဆက်နေတာဖြစ်ပါတယ်။