ဘရာဇီးလ်နည်းပြသစ်ဖြစ်လာမယ်လို့ မကြာခဏသတင်းတွေ ထွက်ပေါ်နေတဲ့ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်မယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ ဘရာဇီးလ်အသင်းဟာ စာချုပ်ကုန်ဆုံးချိန်မှာ အီတလီလူမျိုးနည်းပြကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်လာခဲ့တာပါ။ဘရာဇီးလ်အသင်းဟာ အခုနှစ်မှာတော့ ဖလူမီနက်စ်နည်းပြ ဒီနစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပါတယ်။
အက်ဒ်နယ်လ်ဒိုရိုဒရီဂွတ်ဇ်က “ဒီနစ်ရဲ့ ပွဲအစီအစဉ်တွေဟာ ကိုပါအမေရိကဖလားမှာ တာဝန်ယူမယ့် အန်ဆယ်လော့တီနဲ့ နီးပါးတူညီမှုရှိပါတယ်။ သူ့ကို နိုင်ငံအသင်းရဲ့ ယာယီနည်းပြလို့ ကျွန်တော်တို့ ခေါ်မှာမဟုတ်ပါဘူး။ သူက ဒီကိုလာပြီး အန်ဆယ်လော့တီအတွက် ဘရာဇီးလ်ကို အပြောင်းအလဲတွေလုပ်ပေးမယ့်သူလိ့ု “ပြောခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ အန်ဆယ်လော့တီကို ခန့်အပ်ကြောင်း တရားဝင်မကြေညာသေးသလို ရီးရယ်လ်ဘက်ကလည်း ဘာမှပြောဆိုထားခြင်းမတွေ့ရသေးတာပါ။အန်ဆယ်လော့တီက သူဟာ ရာသီသစ်မှာ ရီးရယ်လ်အသင်းနဲ့ အောင်မြင်မှုတွေရယူနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ပြောထားပါတယ်။