ပြင်သစ်လီဂူး

ပီအက်စ်ဂျီနောက်ဆုံးပွဲကို အရှုံးနဲ့ နှုတ်ဆက်ခဲ့ရတဲ့ မက်ဆီနဲ့ ရာမို့စ်

မက်ဆီနဲ့ ရာမို့စ်တို့ဟာ ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကလဲယားမောင့်နဲ့ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းနောက်ဆုံးပွဲစဉ်မှာ ပါဝင်ကစားသွားခဲ့ပါတယ်။

ဒီပွဲမှာ ချန်ပီယံဖြစ်ပြီးသားဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ကလဲယားမောင့်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်သွားခဲ့တာပါ။ဒီပွဲမှာ ဘတ်ပီနဲ့ ရာမို့စ်တို့က ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ကလဲယားမောင့်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မက်ဆီနဲ့ ရာမို့စ်တို့ဟာ ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးပွဲကို အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။ဒီပွဲမှာ မက်ဆီဟာ ပွဲမစခင် ပရိသတ်တွေရဲ့လှောင်ပြောင်မှုခံခဲ့ရပြီး ဂိုးရနိုင်မယ့် အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့လို့ ပီအက်စ်ဂျီကစားသမားဘဝသွင်းဂိုးတွေကို ထပ်ပြီးပေါင်းမထည့်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကစားသမားတွေဟာ ဒီပွဲမှာ ဆေးရုံတက်နေရတဲ့ အသင်းဖော် ဂိုးသမား ဆာဂျီယိုရီကိုရဲ့နာမည်နဲ့ သူတို့ရဲ့ကျောနံပတ်တွေကို ဝတ်ဆင်ခဲ့ကြတာပါ။

ဒီပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီကတော့ အခုနှစ်ရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ၂၉ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပြီး ရွှေဖိနပ်ဆုကို ၅ နှစ်ဆက်တိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။လာကာဇတ်တီကတော့ ၂၇ ဂိုးနဲ့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။