Laliga

စာချူပ်ကို စောစီးစွာအဆုံးသတ်ပြီး ဟာဇတ်နဲ့ ရီးရယ်လ်လမ်းခွဲ

ရီးရယ်လ်အသင်းဟာ ဟာဇတ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို စောစီးစွာအဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်မှာ ထွက်ခွာခွင့်ပေးတော့မယ်လို့အတည်ပြုလိုက်ပါတယ်။

ရီးရယ်လ်နဲ့ ဟာဇတ်တို့ ချုပ်ဆိုထားတဲ့ စာချူပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ကစားသမားရဲ့ဒဏ်ရာအခြေအနေတွေ၊ ပွဲကစားခွင့်အခြေအနေတွေပေါ်မှာမူတည်ပြီး စပိန်ကလပ်က စာချူပ်ကို စောစီးစွာအဆုံးသတ်ဖို့ ကစားသမားနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၉ က ပေါင် ၈၉ သန်းနဲ့ ချယ်လ်ဆီးကနေ ရောက်ရှိလာခဲ့တဲ့ ဟာဇတ်ဟာ ဒဏ်ရာကြောင့် ပွဲပေါင်း ၇၈ ပွဲအထိ ရီးရယ်လ်အတွက် မပါဝင်နိုင်ခဲ့ဘဲ ပွဲပေါင်း ၇၆ ပွဲသာ အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဟာဇတ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါအပါအဝင် ဆုဖလားပေါင်း ၈ ခုအထိ ရယူနိုင်ခဲ့တာပါ။

ဒီနေ့မှာ ကစားမယ့် အခုနှစ်ရာသီ လာလီဂါနောက်ဆုံးပွဲစဉ်မှာ ဟာဇတ်ဟာ ရီးရယ်လ်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ပြီး ပရိသတ်တွေကို နှုတ်ဆက်မှုပြုလုပ်မှာလည်း ဖြစ်ပါတယ်။ရီးရယ်လ်အသင်းဟာ စာချုပ်ကုန်ဆုံးသွားပြီဖြစ်တဲ့ အဆန်စီယိုနဲ့ မာရီယာနိုဒီယတ်ဇ်တို့ကိုလည်း ထွက်ခွာခွင့်ပေးခဲ့တာပါ။

ဆော်ဒီကလပ်တွေရဲ့ကမ်းလှမ်းမှုရရှိထားတဲ့ ဟာဇတ်ဟာ ကစားသမားဘဝကနေ အနားယူသွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား