Premier League

ဘရူနိုဖာနန်ဒက်စ်ရဲ့ FA ဖလားဗိုလ်လုပွဲမှတ်ချက်ကို ဂွာဒီယိုလာတုံ့ပြန်

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်ခင် ပြောခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သတ်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြန်ပြီးတုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီလိုမျိုးဆုဖလား ၃ လုံးစလုံးကို တစ်ရာသီထဲရယူနိုင်တဲ့ အသင်းဆိုလို့ အင်္ဂလန်မှာ ယူနိုက်တက်အသင်းက ၁၉၉၉ က ရရှိထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ဒီလိုမျိုးလုပ်ပြနိုင်ဖို့မျှော်လင့်နေတာပါ။

ဒါနဲ့ ပတ်သတ်ပြီး ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့က ကျွန်တော်တို့ ကလပ်ရဲ့သမိုင်းကြောင်းကို သိပြီး ပရိသတ်တွေကလည်း မန်စီးတီးကို ဒီလိုမျိုးမဖြစ်ချင်ကြပါဘူး။ကျွန်တော်တို့ ဒီဖလားရခဲ့ရင် မန်စီးတီးက ဆုဖလား ၃ လုံးမရနိုင်တော့ပါဘူး။ဒါပေမယ့် ကစားသမားတွေက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ပရိသတ်တွေအတွက် ဆုဖလားတွေယူပေးချင်လို့ ပွဲကိုအနိုင်ယူချင်တယ်။ဒါပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ပြောခဲ့တဲ့အပေါ် ဂွာဒီယိုလာက “ဒါကို ကျွန်တော်နားလည်ပြီး ဆုဖလား ၃ လုံးအောင်မြင်မှုကို သူတို့ပိုင်ဆိုင်ထားပါတယ်။ဒါက ပုံမှန်ပါပဲ။အားကစားမှာတော့ စံချိန်မှတ်တမ်းတွေက ကျိုးပျက်ပါလိမ့်မယ်။ဒီလိုမှတ်တမ်းကို ဘယ်သူကိုမှမပိုင်ဆိုင်စေချင်တဲ့အတွက် ခံစားချက်ကပုံမှန်ပါပဲ”

“ဒါက ဘောလုံးပွဲဖြစ်ပြီး ပိုကောင်းတဲ့အသင်းက နိုင်ပွဲရယူသွားပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ ဒီနေ့ညမှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ