Premier League

လာမယ့်ဆောင်းရာသီမှာလည်း ရော်နယ်ဒို ပူလောင်နေဦးမှာလို့ အသင်းဖော်တွေယုံကြည်

ယူနိုက်တက်အသင်းဖော်တွေဟာ လာမယ့်ဆောင်းရာသီမှာလည်း ရော်နယ်ဒို အသင်းက ထွက်ခွာဖို့ ကြိုးပမ်းဦးမယ်လို့ ယုံကြည်ထားကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာလည်း အသင်းက ထွက်ခွာဖို့ ကြိုးပမ်းခဲ့တဲ့ ကစားသမားပါ။

ဒါပေမယ့် ဒီကစားသမားက အပြောင်းအရွှေ့ ပိတ်တဲ့အချိန်ထိ အသင်းသစ်ရှာမတွေ့ဘဲ ယူနိုက်တက်မှာသာ ဆက်နေခဲ့ရတာပါ။ ရော်နယ်ဒိုဟာ အသင်းပြောင်းဖို့အတွက် ယူနိုက်တက်ရဲ့ ရာသီကြိုပြင်ဆင်မှုတခုလုံးကို လွဲချော်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်ဖို့အတွက် တပတ်သာလိုတော့ချိန်မှာ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခန်းဆင်းခဲ့ပြီး အသင်းဖော်တွေကလည်း ရော်နယ်ဒိုရဲ့ ဒီလုပ်ရပ်ကို စိတ်ပျက်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ယူနိုက်တက်အသင်းဖော်တွေဟာ ရော်နယ်ဒို အသင်းနဲ့ ပြန်လည်ပူးပေါင်းတဲ့အပေါ် ဝမ်းသာသည့်တိုင် ရာသီကြိုပြင်ဆင်မှုတွေကို လွဲချော်ခဲ့တဲ့အပေါ်မှာတော့ လက်သင့်မခံနိုင်ကြကြောင်း သိရပါတယ်။

ဒါ့အပြင် ရော်နယ်ဒို အသင်းက ထွက်ခွင့်တောင်းတဲ့အပေါ်မှာလည်း အံ့အားသင့်ခဲ့တာမျိုး မရှိကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်သာ ကစားခွင့်ရရှိခဲ့တာကြောင့် ရော်နယ်ဒိုက ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတသင်းကို ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားခဲ့တာပါ။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ အက်သလက်တီကို၊ ဒေါ့မွန်၊ နာပိုလီတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ကြပြီး အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကလည်း နောက်ဆုံးအချိန်ထိ အသင်းပြောင်းခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။

အခု လာမယ့်ဆောင်းရာသီမှာလည်း အသင်းတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့က လှုပ်ခတ်လာဦးမှာဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာဖို့ ကြိုးစားလာဦးမယ်လို့ အသင်းဖော်တွေက ယုံကြည်ထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ