Laliga

အရံခုံမှာ ဒေါသတွေမထိန်းနိုင်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား

မနေ့ညက ကစားခဲ့တဲ့ မာယော့ကာနဲ့ အိမ်ကွင်းပွဲမှာ ဝင်ကစားခွင့်မရခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်ကြယ်ပွင့် အဆန်စီယိုက အရံခုံတန်းမှာ ဒေါသပေါက်ကွဲနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေက အမိအရ ဖော်ပြခဲ့ပါတယ်။ အဆန်စီယိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေသူပါ။

အဆိုပါ စပိန်ကြယ်ပွင့်ကို အသင်းက စာချုပ်သစ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပီရက်ဇ်က ဒီကစားသမားကို ပွဲထွက်ခွင့်မပေးဖို့ အန်ဆယ်လော့တီကို မှာကြားထားတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အန်ဆယ်လော့တီကတော့ အဆန်စီယိုနဲ့ ပတ်သက်လို့ မျှမျှတတ ပြောကြားနေပေမယ့် တကယ်တမ်းမှာလည်း ဒီကစားသမားကို ဦးစားပေး အသုံးပြုတာမျိုး မရှိပါဘူး။ မနေ့က မာယော့ကာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အဆန်စီယိုက လူစားဝင်ကစားခွင့်မရတာ သေချာသွားတဲ့နောက် အရံခုံတန်းမှာ ဒေါသပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။

အဆန်စီယိုဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ ပြိုင်ပွဲစုံ အားလုံးမှာ (၁၇) မိနစ်သာ ကစားခွင့်ရရှိခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ် အဆန်စီယိုကို အန်ဆယ်လော့တီက မနေ့ကပွဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း လူစားလဲချိန်မှာတော့ ကာဗာဟယ်လ်၊ နာချို၊ မိုဒရစ်၊ ကာမာဗင်ဂါတို့ကိုသာ ထည့်သွင်းကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆန်စီယိုက ရေခဲပုံးကို ကန်ကျောက်ခဲ့သလို သူ့ရဲ့ ရေဘူးကိုလည်း စိတ်ပျက်လက်ပျက်နဲ့ လွှင့်ပစ်ခဲ့ပါတယ်။

အဆန်စီယိုဟာ အရံခုံမှာ စိတ်ပျက်လက်ပျက် ထိုင်နေခဲ့ပြီး အန်ဆယ်လော့တီကတော့ အဆန်စီယို ဒေါသထွက်ခဲ့တဲ့အပေါ် နားလည်ကြောင်း၊ ဒါက သာမန်ကိစ္စသာဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား