Laliga

ပြိုင်ဘက်ကို ဂိုးသွင်းပြီးနောက် ပြိုင်ဘက်ပရိသတ်ကြောင့်ပဲ တောင်းပန်ခဲ့ရှာတဲ့ ဖာတီ

ဘာစီလိုနာ တောင်ပံကစားသမားလေး အန်ဆုဖာတီဟာ စနေညက ကစားခဲ့တဲ့ ကာဒစ်ဇ်နဲ့ ပွဲမှာပြိုင်ဘက်ကို ဂိုးသွင်းပြီးနောက် လက်အုပ်ချီ တောင်းပန်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲရဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ကာဒစ်ဇ်ပရိသတ်တယောက် ပွဲကြည့်စင်ပေါ်မှာ Heart Attack ကြောင့် သတိလစ်လဲကျခဲ့ရပြီး ပွဲကိုလည်း ခေတ္တခဏရပ်နားခဲ့ရပါတယ်။ အဆိုပါ ပရိသတ်ကို သတိပြန်လည်လာအောင် ဆေးဝန်ထမ်းတွေက ကြိုးစားကုသခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ လဲကျသွားတဲ့ ပရိသတ်ရဲ့ အခြေအနေက ပြန်လည်တည်ငြိမ်လာခဲ့ပြီး ဆေးရုံကို တင်ပို့နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှသာ ပွဲကို ပြန်လည်စတင်နိုင်ခဲ့ပြီး ဘာစီလိုနာကလည်း နောက်ထပ် နှစ်ဂိုး ထပ်မံ သွင်းယူကာ ပွဲကို အနိုင်ရရှိခဲ့ပါတယ်။

အန်ဆုဖာတီဟာ ဒီပွဲမှာ ဘာစီလိုနာအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ပရိသတ်တွေရှိရာဘက်ကို လက်အုပ်ချီ တောင်းပန်ခဲ့ပါတယ်။ အန်ဆုဖာတီဟာ ပွဲပြန်စပြီး (၅) မိနစ်အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီစပိန်သားလေးက အောင်ပွဲမခံခဲ့ဘဲ အိမ်ရှင်ပရိသတ်တွေဘက်ကို လက်အုပ်ချီ တောင်းပန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် နောက်ဆုံးမိနစ်မှာတော့ ဒမ်ဘီလီက ဘာစီလိုနာအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ကာဒစ်ဇ်ဂိုးသမား လီဒက်စ်မာက လေးဂိုးပေးခဲ့ရပေမယ့် ပရိသတ်လဲကျနေချိန်မှာ အပြေးအလွှားနဲ့ အရေးပေါ်ဆေးအိတ်ကို ပွဲကြည့်စင်ပေါ် ပစ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီဂိုးသမားကို သူရဲကောင်းအဖြစ် ပရိသတ်တွေက သတ်မှတ်ချီးကျူးနေကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား