Premier League

တူချယ်လ်ကိုထုတ်တာက ပူလီဆစ်အတွက် ကောင်းတယ်လို့ အမေရိကန်နည်းပြပြော

အမေရိကန်လက်ရွေးစင်နည်းပြ ဘာဟယ်လ်တာက တူချယ်လ်ကို ထုတ်လိုက်တာဟာ ချယ်လ်‌ဆီးအသင်းမှာ ပူလီဆစ်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန်လက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၅၅ မိနစ်သာ အကန့်အသတ်နဲ့ ပါဝင်ကစားခွင့် ရရှိထားတာပါ။ဒါပေမယ့် တူချယ်လ်ကို ထုတ်ပြီး ဂရေဟမ်ပေါ်တာကို ခန့်လိုက်တာကြောင့် ပူလီဆစ်အတွက် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

ဘာဟယ်လ်တာက “နည်းပြရာထူးကနေ တူချယ်လ်ထုတ်ပယ်ခံရတာကို ကျွန်တော်မပျော်ရွှင်ပါဘူး။ဒါပေမယ့် ဒါက ပူလီဆစ်အတွက် အခွင့်အလမ်းတွေ ပိုပြီးများလာတယ်ဆိုရင်တော့ ဒါဟာ အပေါင်းလက္ခဏာဆောင်တာပါပဲ”

“ဘာကြောင့်လဲဆိုရင် သူဟာ ဒီအဆင့်မှာ စွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ဆိုတာကို သက်သေပြသနိုင်တဲ့သူတစ်ယောက်မို့ပါ။ဒါကို ကျွန်တော်တို့က စောင့်ပြီးကြည့်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ပူလီဆစ်ဟာ တူချယ်လ်ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ