Laliga

ပွဲကန်ဖို့ထက် ပရိသတ်ရဲ့ကျန်းမာရေးက ပိုအရေးကြီးကြောင်း ဇာဗီပြောကြား

ဘာစီလိုနာနည်းပြ ဇာဗီက ကာဒစ်ဇ်နဲ့ အဝေးကွင်းပွဲစဥ်မှာ ပွဲချိန်အတွင်း ပွဲကြည့်စင်ပေါ်မှာ လဲကျသွားတဲ့ ပရိသတ်အတွက် စိုးရိမ်ပူပန်မိကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာက ကာဒစ်ဇ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း ပွဲချိန်အတွင်း ကာဒစ်ပရိသတ်တယောက် ပွဲကြည့်စင်ပေါ်မှာ Heart Attack ခံစားခဲ့ရပြီး သတိမေ့လဲကျသွားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ကစားသမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကွင်းဝန်ထမ်းတွေက အဆိုပါ ပရိသတ်ကို အမြန်ဆုံး သတိပြန်ရအောင် ကြိုးစားခဲ့ရပါတယ်။ ဒါ့အပြင် ကာဒစ်ဂိုးသမား လီဒက်စ်မာက အမြန်ပြေးလွှားပြီး အရေးပေါ်ကျန်းမာရေးဆေးအိတ်ကို ယူဆောင်ကာ ပွဲကြည့်စင်ပေါ် ပစ်တင်ပေးလိုက်တဲ့ မြင်ကွင်းကလည်း ပရိသတ်တွေအကြား ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ လဲကျသွားတဲ့ ပရိသတ်ရဲ့ အခြေအနေက ပြန်လည်တည်ငြိမ်လာပြီး ဆေးရုံကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဆေးရုံအရောက်မှာတော့ ဒီပရိသတ်ရဲ့ ကျန်းမာရေးအခြေအနေက ပြန်လည်ကောင်းမွန်သွားကြောင်း ကာဒစ်ဘက်က အတည်ပြုကြေညာခဲ့ပါတယ်။

ဒီပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဇာဗီက “စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ခဲ့ပြီး ပရိသတ်တယောက် လဲကျသွားတာ၊ Heart Attack ဖြစ်သွားတာကို ကျနော်တို့ သိခဲ့ရပါတယ်။ တကယ်လို့ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရင် ကျနော်တို့ ပွဲကို ရပ်ရမှာပါ”

“ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သူက အခြေအနေပြန်ကောင်းလာပြီး ကျနော်တို့လည်း ပွဲကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့က လူတယောက်အကြောင်းကို ပြောရတာပါ။ ဘောလုံးထက် သူ့ကျန်းမာရေးက အရေးကြီးပါတယ်”

“ကံကောင်းစွာနဲ့ သူက အသက်ရှင်ခဲ့ပြီး သူ သက်သာလာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် ဒီဂျောင်၊ လီဝန်ဒေါစကီး၊ အန်ဆုဖာတီ၊ ဒမ်ဘီလီတို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား