Premier League

အသင်းမှာဟာသအလုပ်ဆုံးကစားသမားအဖြစ် အချိန်တိုအတွင်း သတ်မှတ်ခံရတဲ့ အန်တိုနီ

ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ အသင်းမှာ ဟာသအလုပ်ဆုံး ကစားသမားအဖြစ် အသင်းဖော်တွေကြားထဲမှာ ရေပန်းစားနေပြီး အသင်းသားတွေကလည်း သူ့ကို ချစ်ခင်ကြကြောင်း သတင်းရင်းမြစ်တ ယောက်ကဆိုပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်သတ္တပတ်မှ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။

ဒီကစားသမားက ယူနိုက်တက်နဲ့ ပွဲဦးထွက်မှာတင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲ့ဒီပွဲမှာလည်း ယူနိုက်တက်က အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အန်တိုနီဟာ လေ့ကျင့်ရေးကွင်းမှာ ရာနှုန်းပြည့်ပေးဆပ်ပြီး ဟာသတွေလည်း လုပ်ကာ ပျော်ပျော်နေတတ်သူတယောက်ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ သတင်းရင်းမြစ်တယောက်က “ကစားသမားတွေက အန်တိုနီကို လုံးဝချစ်ကြပါတယ်။ သူက လေ့ကျင့်ရေးကွင်းမှာရော၊ ပွဲကစားချိန်မှာရော၊ ရာနှုန်းပြည့် ပေးဆပ်နေတဲ့ ကစားသမားပါ”

“အနားယူတဲ့အချိန်ရောက်ရင်တော့ သူက ရယ်မောရတာကို သဘောကျပြီး ဟာသလုပ်ရတာတွေကို ကြိုက်နှစ်သက်တဲ့ ကစားသမားတွေထဲက တယောက်ပါ။ သူက ဖရက်ဒ်နဲ့လည်း ဘရာဇီး လက်ရွေးစင်အသင်းမှာ သိကျွမ်းပြီးသားပါ”

“ဒီတော့ သူက ဖရက်ဒ်ကို အမြဲတမ်း နောက်ပြောင်နေပြီး အသင်းဖော်တွေကလည်း ပျော်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လီဆန်ဒရိုမာတီနက်ဇ်ကိုလည်း အသင်းဖော်တွေက သဘောကျပြီး လေ့ကျင့်ခန်းဆင်းချိန်မှာ ပွဲကစားတဲ့အတိုင်း မာမာထန်ထန် ကစားနေတယ်လို့ သိရှိရပါတယ်။

နှစ်ယောက်လုံးက အသင်းမှာ အလျင်အမြန်နဲ့ အထိုင်ကျလာပြီး အသင်းအတွက် ခွန်အားတွေ အများကြီးဖြစ်စေကြောင်း၊ အသင်းလူစာရင်းမှာ ဒီလောက်အထိ စည်းလုံးတာကို မမြင်ရတာ နှစ်ပေါင်း အတော်ကြာနေပြီဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ