Europa League

ဂျူဗီကစားသမားဘ၀ ပထမဆုံးဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဒီမာရီယာ

ဒီမာရီယာဟာ ဂျူဗင်တပ်စ်အသင်းက နန့်တက်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပလေးအောဖ့်ပွဲစဉ်မှာ စီးရီးအေကလပ်ကစားသမားဘ၀ ပထမဆုံးဟတ်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၁ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ နန့်တက်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၁ ဂိုးနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ၂၀၀၀ ခုနှစ်က ဖိလစ်ပိုအင်ဇာဂီနောက်ပိုင်း ယူအီးအက်ဖ်အေပြိုင်ပွဲရဲ့အဝေးကွင်းပွဲမှာ ဟတ်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးဂျူဗီကစားသမားဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့နွေရာသီက ဂျူဗီကို အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဒီမာရီယာဟာ အသင်းအတွက် ၂၁ ပွဲကစားအပြီးမှာ ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက “ဒီစွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ပထမအကျော့ရလဒ်အပြီးမှာ ဒါဟာ လွယ်ကူတဲ့ပွဲတော့မဟုတ်ခဲ့ပါဘူး။ဒီမှာရှိတဲ့လူအုပ်ကြီးက အလွန်စိတ်အားထက်သန်နေတာပါ။ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာကြောင့် ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ လွယ်မယ်လို့ မဆိုလိုပါဘူး”

“ကျွန်တော်တို့ စီးရီးအေမှာ လုပ်ခဲ့သလို အစွမ်းကုန်ကြိုးစားဖို့ တာဝန်ရှိပါတယ်။ဒီမာရီယာကတော့ ချန်ပီယံဖြစ်ပြီး တခြားသူတွေနဲ့မတူပါဘူး။အရာအားလုံးဟာ သူ့ဆီကနေ လွယ်လွယ်ကူကူလာပါတယ်။သူဟာ တကယ့်ချန်ပီယံအမျိုးအစားတွေထဲမှာပါဝင်တယ်လို့”ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ