Europa League

လာလီဂါကိုသာ အာရုံစိုက်ပါဆိုပြီး ဘာကာကို ယူရိုပါလိဂ်ကနေအနားပေးခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ယူရိူပါလိဂ်ပလေးအောဖ့် ဒုတိယအကျော့အဖြစ် ဘာစီလိုနာအသင်းနဲ့ ကစားခဲ့ရာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမအကျော့အဖြစ်ကစားခဲ့တုန်းက ၂ ဂိုးစီသရေကျခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၃ ဂိုးနဲ့ ယူနိုက်တက်အသင်းအနိုင်ရပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပထမအကျော့က သရေကျခဲ့လို့ ဒုတိယအကျော့ကို နှစ်သင်းစလုံးက အာရုံစိုက်ပြီးကစားဖို့ ပြင်ဆင်ခဲ့တာပါ။

ယူနိုက်တက်ကတော့ ပထမအကျော့လူစာရင်း မာလာစီယာအစား မာတီးနတ်စ်ထည့်ပြီး ကစားခဲ့တာလွဲပြီးအပြောင်းအလဲမရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာကတော့ ဂါဗီ၊ပီဒရီမပါဝင်နိုင်တဲ့နေရာမှာ အပြောင်းအလဲအနည်းငယ်ပြုလုပ်ခဲ့တာပါ။ဒီပွဲရဲ့ဦးဆောင်ဂိုးကို ဘာစီလိုနာအသင်းစတင်ရရှိခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။ပထမပိုင်းမှာ ဘာစီလိုနာအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းဟာ ဝက်ဂ်ဟော့စ်နေရာ အန်တိုနီကို ထည့်ပြီး ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့တာပါ။

အဲ့ဒီမှာ ယူနိုက်တက်တို့ ချေပဂိုးစတင်ရခဲ့ပြီး ဖရက်က သွင်းယူခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ချေပဂိုးရပြီးနောက် ဒါလော့၊ ဂါနာချိုတို့ကို ထည့်ပြီး တိုက်စစ်မြှင်တင်ခဲ့တာပါ။အဲ့ဒါကြောင့် ပွဲချိန်မိနစ် ၇၀ ကျော်မှာ အနိုင်ဂိုးရခဲ့ပြီး အန်တိုနီက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ယူနိုက်တက်အသင်းဟာ အနိုင်ရလဒ်ရအောင်ထိန်းကစားပြီး ယူရိုပါလိဂ်နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ