ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁၄ ပွဲအထိကြုံတွေ့ခဲ့ရပေမယ့် ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရွိုင်ကန်းနဲ့ ဝိန်းရွန်နီတို့ဟာ ဒီရာသီမှာ နည်းပြ အဲရစ်တန်ဟတ်ကို မထုတ်ပယ်ဖို့ မျှော်လင့်နေကြပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/GOAL_-_Multiple_Images_-_3_Split_-_Facebook1.webp)
အဲရစ်တန်ဟတ်ဟာ ဒီရာသီအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ရာသီအကုန်မှာ ထုတ်ပယ်ခံရမယ့် ဖိအားတွေတိုးနေပြီး ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း တစ်နှစ်သာကျန်ရှိတော့တာပါ။ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ FA ဖလားဗိုလ်လုပွဲအပြီးမှာ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ဒီအချိန်မှာ ရွိုင်ကိန်းနဲ့ ဝိန်းရွန်နီတို့ကတော့ အဲရစ်တန်ဟတ်ကို နောက်ထပ်တစ်ရာသီကိုင်တွယ်စေပြီး အခွင့်အရေးပေးသင့်တယ်လို့ ခံစားနေရတာပါ။
ရွိုင်ကိန်းက “တန်ဟတ်ကို အချိန်ပိုပေးဖို့ မျှော်လင့်ပါတယ်။ကလပ်မှာ ကြီးမားတဲ့ ပြဿနာတွေရှိနေပြီး သူ့ကိုမှန်ကန်တဲ့အခွင့်အရေးတွေပေးဖို့ ကျနော်မျှော်လင့်ပါတယ်။မနှစ်က အပြုသဘောဆောင်တဲ့အရာတွေရှိခဲ့ပြီး ကျနော်တို့ ဒါကို ရိုးရိုးသားသားပြောဖို့လိုတယ်လို့ “ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/Erik_ten_Hag_Manchester_United_2023-24_16.webp)
ဝိန်းရွန်နီကလည်း “သူ့ကို အချိန်ပေးမယ်လို့ ကျနော်မျှော်လင့်ပါတယ်။သူတို့မှာ ပြဿနာတွေအများကြီးရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ဒါကြောင့် မှန်မှန်ကန်ကန်လုပ်ဖို့ အချိန်ယူရမယ်လို ထင်ကြောင်း”ဆိုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အဆင့် ၈ နေရာမှာရပ်တည်နေပြီး အဆင့် ၆ က နယူးကာဆယ်အသင်းနဲ့ အဆင့် ၇ က ချယ်လ်ဆီးအသင်းတို့နဲ့ ၃ မှတ်ကွာဟနေတာဖြစ်ပါတယ်။အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။