Uncategorized

စပါးနဲ့ပွဲမှာ အနိုင်ကစားဖို့ပဲ ရွေးချယ်စရာရှိတယ်လို့ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ်မှာ သူတို့အတွက် အနိုင်ကစားဖို့ပဲ ရွေးချယ်စရာရှိတယ်လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့နောက် ၁ ပွဲလျော့ ၁ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာရပ်တည်နေတာပါ။အဲ့ဒါကြောင့် လက်ကျန်ပွဲစဉ်အဖြစ်ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရခဲ့ရင် ရမှတ် ၂ အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုတက်နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက်ရယူနိုင်ဖို့ အခြေအနေကောင်းသွားမှာပါ။ဒီလိုမှမဟုတ်ပဲ ခြေချော်ခဲ့မယ်ဆိုရင်တော့ ဂိုးကွာခြားချက်အသာနဲ့ အာဆင်နယ်အသင်းကို ချန်ပီယံဖြစ်ခွင့်ပေးသွားရနိုင်တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂွာဒီယိုလာက “ကျနော်တို့အတွက် ရွေးချယ်စရာတစ်ခုပဲရှိပြီး အနိုင်ရအောင် ကစားရမှာပါ။စပါးကို အနိုင်မရရင် ပရီးမီးယားလိဂ်ဖလားကို ကျနော်တို့ရမှာမဟုတ်တော့ဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol