Europa League

ဒီဂျောင်ကို လှုပ်မရအောင်လုပ်ခဲ့တဲ့ ဖရက်ဒ်ကို ချီးကျူးလိုက်တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်မှာ ဒီဂျောင်ကို အကောင်းဆုံးရပ်တန့်နိုင်ခဲ့တဲ့ ဖရက်ဒ်ကို ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘာစီလိုနာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲအနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရကာ ၁၆ သင်းအဆင့်တက်နိုင်ခဲ့တာပါ။ဒီပွဲမှာ လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဖရက်ဒ်က ချေပဂိုးသွင်းပြီး အန်တိုနီက အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ဖရက်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ဒီဂျောင်ကို ရပ်တန့်ဖို့က ဦးစားပေးဖြစ်ပြီး သူဟာ ဒီဂျောင်ကို ခြင်တစ်ကောင်လိုကပ်ပြီးကစားနိုင်ခဲ့ပါတယ်။သူဟာ ပထမအကျော့မှာလည်း အလွန်ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သလို ဒီပွဲမှာဆိုရင် ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။တကယ်ကိုတောက်ပခဲ့ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ဟာ ဘာစီလိုနာအသင်းနဲ့ နှစ်ကျော့စလုံးမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဒီရာသီ နည်းပြ အဲရစ်တန်ဟတ်အားကိုးရတဲ့ အနေအထားမှာရှိနေတာပါ။ဖရက်ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၅ ဂိုးသွင်းယူထားပြီး သူ့ရဲ့ယူနိုက်တက်အကောင်းဆုံးရာသီလို့တောင်ပြောလို့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာတော့ ကာရာဘောင်းဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆုဖလားလက်မဲ့ဖြစ်တာကို အဆုံးသတ်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ