Europa League

ကွင်းဝန်ထမ်းလေးက ဓာတ်ပုံတွဲရိုက်ချင်ပေမယ့် ငြင်းဆန်ခဲ့တဲ့ ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ ရှရစ်ဖ်နဲ့ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဥ် ပထမပိုင်းအပြီးမှာ ကွင်းအတွင်း တာဝန်ကျတဲ့ ဝန်ထမ်းတယောက်က ရော်နယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့ပေမယ့် အဆိုပါ ကစားသမားကတော့ ငြင်းဆန်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာတင် ဆန်ချို၊ ရော်နယ်ဒိုတို့ရဲ့ ပင်နယ်တီသွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ရော်နယ်ဒိုအတွက်လည်း ဒီရာသီ ပထမဆုံးသွင်းဂိုးကို ပင်နယ်တီကတဆင့် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း ယူနိုက်တက်က ပထမပိုင်းရလဒ်အတိုင်းပဲ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကတော့ ပရိသတ်တွေအတွက် ပြောချင်စရာဖြစ်နေပါတယ်။

ကွင်းအတွင်း ဆေးဝန်ထမ်းအဖြစ် တာဝန်ကျတယ်လို့ ယူဆရတဲ့ အမျိုးသမီးငယ်လေးက ဥမင်လိုဏ်ခေါင်းအဝမှာ ရော်နယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ငြင်းဆန်သွားခဲ့ပြီး အဝတ်လဲခန်းအတွင်းကိုသာ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးငယ်လေးကို ကွင်းလုံခြုံရေးတယောက်ကလည်း ပြန်လည်ဖျောင်းဖျပြောဆိုနေခဲ့တာကို ရုပ်သံကြည့်ပရိသတ်တွေလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရော်နယ်ဒိုအပေါ် ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်ရပ်က ပွဲပြီးမှဖြစ်ပွားတာမျိုး မဟုတ်ဘဲ ပထမပိုင်းအပြီးမှာသာ ဖြစ်ပွားခဲ့တာကြောင့် ပွဲကို အပြည့်အဝအာရုံစူးစိုက်လိုတဲ့ ရော်နယ်ဒိုအတွက် စိတ်အနှောင့်အယှက်ကိစ္စဖြစ်ကြောင်း အချို့သော ပရိသတ်တွေကလည်း ရော်နယ်ဒိုကို ကာကွယ်ပေးနေကြပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်ကွင်းမှာ ရှုံးနိမ့်ခဲ့တုန်းက ပွဲအပြီး ဥမင်လိုဏ်ခေါင်းထဲအဝင်မှာ သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ဖုန်းကမ်းပေးခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် အဲဗာတန်ပရိသတ်ကလေးငယ်ရဲ့ လက်ကို ရိုက်ချခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဒါ့အပြင် သူ့ရဲ့လုပ်ရပ်ကို အဆိုပါ အော်တစ်ဇင်ကလေးငယ်ရဲ့မိခင်က မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာကြောင့် ရော်နယ်ဒိုတယောက် သတိပေးခံခဲ့ရပါသေးတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ