Europa League

ဒိုင်လူကြီး အန်သိုနီတေလာကို အရှက်မရှိတဲ့ဒိုင်လို့ ပြောပြီး ကားပါကင်မှာ စောင့်ဆိုင်းခဲ့တဲ့ မော်ရင်ဟို

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဆီဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ခဲ့တဲ့ အင်္ဂလိပ်ဒိုင်လူကြီးရဲ့ ပွဲချိန်အတွင်း ဆုံးဖြတ်ချက်တွေကို ဒေါသထွက်နေခဲ့လို့ ပွဲအပြီး ကားပါကင်မှာ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးဟာ အဝါကတ် ၁၃ ကတ်အထိ ပြသခဲ့ပြီး မော်ရင်ဟိုကလည်း အချိန်ပိုပြီးကာနီးမှာ အဝါကတ်ပြသခံခဲ့ရပါတယ်။ဒီပွဲမှာ ဆီဗီလာကစားသမားကို ဒုတိယအဝါကတ် မပြသတဲ့အပေါ်မှာလည်း ရိုးမားကစားသမားတွေဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်နေခဲ့တာပါ။

အဲ့ဒါကြောင့် မော်ရင်ဟိုဟာ ပွဲအပြီး ကားပါကင်မှာ စောင့်ဆိုင်းပြီး “အရှက်မရှိတဲ့သူ၊ အရှက်မရှိဘူး”ဆိုပြီး ရေရွတ်ခဲ့သလို “ဂုဏ်ယူပါတယ်၊အရှက်မရှိတဲ့သူ”ဆိုပြီး ထပ်ပြောကာ ဒိုင်လူကြီး ကားမထွက်မချင်း ပြောနေခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အရင်တုန်းကလည်း ဒီလိုမျိုးလုပ်ဆောင်ဖူးလို့ ဒါဟာ သူ့အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်တာပါ။မော်ရင်ဟိုကတော့ ဒီပွဲမှာ အရေးနိမ့်ခဲ့တဲ့အတွက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲတွေရဲ့ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ လာမယ့်နှစ်ရာသီမှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ