Europa League

ယူရိုပါလိဂ်ဘုရင်နဲ့ အတွေ့မှာ စံချိန်မှတ်တမ်းကောင်းရပ်တန့်ခံလိုက်ရတဲ့ မော်ရင်ဟို

ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ဆီဗီလာနဲ့ ရိုးမားအသင်းတို့ပွဲမှာ ဆီဗီလာအသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ကိုင်မြှောက်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာ ၁ ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအထိ ခရီးဆက်ခဲ့ကြရတာပါ။ဒီပွဲမှာ ဒိုင်ဘားလားက ရိုးမားအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် မန်ချီနီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့လို့ ပွဲချိန်အတွင်းမှာ သရေကျခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာ ရိုးမားအသင်းက ၁ လုံးသာဝင်ခဲ့ပြီး ၂ လုံးလွဲချော်ခဲ့ကာ ဆီဗီလာအသင်းကတော့ ၄ ဂိုးစလုံးဝင်ပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဆီဗီလာအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲတက်တဲ့ ၇ ကြိမ်စလုံးအနိုင်ရတဲ့ စံချိန်မှတ်တမ်းကောင်းကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာပါ။

မော်ရင်ဟိုအတွက်တော့ ၆ ကြိမ်မြောက် ဥရောပပြိုင်ပွဲဗိုလ်လုပွဲမှာ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီး မှတ်တမ်းကောင်းတစ်ခုကို ရပ်တန့်ခံလိုက်ရတာဖြစ်ပါတယ်။မော်ရင်ဟိုဟာ အရင် ၅ ကြိမ်စလုံးမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

Sevilla’s team captains Ivan Rakitic, center, and Jesus Navas, center right, lift the trophy after winning the Europa League final soccer match between Sevilla and Roma, at the Puskas Arena in Budapest, Hungary, Wednesday, May 31, 2023. Sevilla defeated Roma 4-1 in a penalty shootout after the match ended tied 1-1. (AP Photo/Petr David Josek)

ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာအသင်းကတော့ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ