Laliga

အယ်လ်အီးတီဟတ်အသင်းထံ ပြောင်းတော့မယ်လို့ ရီးရယ်လ်ကို ဘန်ဇီမာပြော

တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းထံ ပြောင်းတော့မယ်လို့ ရီးရယ်လ်အသင်းကို ပြောခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းဟာ ဘန်ဇီမာကို ယူရိုသန်း ၄၀၀ နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး ကစားသမားကတော့ ဒါကို လက်ခံဖို့ရှိနေတာပါ။အဲ့ဒါကြောင့်လည်း ဘန်ဇီမာဟာ အခုရာသီအကုန်မှာ စာချုပ်သစ်မချုပ်ဆိုတော့ဘူးလို့ ရီးရယ်လ်အသင်းကို ပြောခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘန်ဇီမာဟာ ရီးရယ်လ်အသင်းနဲ့ ဆုဖလားအောင်မြင်မှုအများအပြား ရရှိခဲ့လို့ ကစားသမားဘ၀ အနားယူဖို့ နီးကပ်လာချိန်မှာ ငွေကြေးအများအပြားရမယ့် ကမ်းလှမ်းမှုကို စိတ်ဝင်စားခဲ့တာပါ။ဆော်ဒီရဲ့ကမ်းလှမ်းမှုမှာ ၂၀၃၀ ကမ္ဘာ့ဖလားအတွက် အိမ်ရှင်အဖြစ်ပြုလုပ်နိုင်အောင် ဘန်ဇီမာက သံတမန်အဖြစ် ဆောင်ရွက်ရမှာလည်း ပါဝင်တာဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံဟာ ရော်နယ်ဒိုကို ခေါ်ယူပြီးနောက် နာမည်ကြီးကစားသမားအများအပြားကို ထပ်မံခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ဘန်ဇီမာအပြင် မက်ဆီကိုလည်း ကြိုးပမ်းနေတာပါ။မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်မှာ မဟုတ်တဲ့အတွက် အယ်လ်ဟီလယ်အသင်းက ငွေကြေးအများအပြားနဲ့ ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့အတူ ကိုပါဒယ်ရေးဖလား အောင်မြင်မှုကို ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား