ပြင်သစ်လီဂူး

ပီအက်စ်ဂျီကို အခုနှစ်ရာသီ ပထမဆုံးလီဂူးဝမ်းနိုင်ပွဲရှာဖွေပေးခဲ့တဲ့ ဘတ်ပီ

ပီအက်စ်ဂျီအသင်းဟာ လန်းစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ရာသီသစ် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ်အဆင်မပြေဖြစ်နေတဲ့ ဘတ်ပီဟာ ဒီပွဲမှာ ပြင်သစ်ကလပ်ရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီးခြေစွမ်းပြသနိုင်ခဲ့တာပါ။ပီအက်စ်ဂျီအတွက်ဂိုးတွေကို ဘတ်ပီက ၂ ဂိုး၊အဆန်စီယိုက ၁ ဂိုးသွင်းပြီး လန်းစ်အတွက်ချေပဂိုးကို ဂူလာဗိုဂွီက သွင်းယူခဲ့တာဖြစ်ပါတယ်။

နွေရာသီက ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရောက်ရှိလာခဲ့တဲ့ အဆန်စီယိုအတွက် ပီအက်စ်ဂျီကစားသမားဘဝပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘတ်ပီဟာ ပြင်သစ်ကလပ်အတွက် ၂ ပွဲပါဝင်ကစားအပြီးမှာ ၃ ဂိုးအထိ သွင်းယူထားတာပါ။

ပီအက်စ်ဂျီအသင်းဟာ ရာသီသစ်လီဂူးဝမ်း ၃ ပွဲကစားအပြီးမှာ ရမှတ် ၅ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။လီဂူးဝမ်းအမှတ်ပေးဇယားကို မိုနာကိုနဲ့ မာဆေးလ်အသင်းတို့က ရမှတ် ၇ မှတ်စီရယူပြီး ဦးဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။