ပြင်သစ်လီဂူး

ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဘတ်ပီဖွင့်ဟ

ပီအက်စ်ဂျီအသင်းနဲ့ လာမယ့်ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဘတ်ပီက စာချုပ်ကုန်ဆုံးမယ့် အချိန်မှသာ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းမတိုးတော့တာကြောင့် ၂၀၂၄ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာပါ။အဲ့ဒါကြောင့် ကစားသမားရဲ့အနာဂတ်ကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

အခုအချိန်မှာ ဘတ်ပီဟာ လာမယ့်ရာသီ ပီအက်စ်ဂျီကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ အခိုင်အမာပြောခဲ့သလို သူ့အနာဂတ်ကို ဘယ်အချိန်မှာ ဆုံးဖြတ်မလဲဆိုတာကိုပါ ပြောလာခဲ့ပါတယ်။

ဘတ်ပီက”ကျွန်တော် ပီအက်စ်ဂျီမှာ ဆက်ရှိမှာဖြစ်ပြီး ၂၀၂၄ မှာ အနာဂတ်ကိုဆုံးဖြတ်မှာပါ။ပီအက်စ်ဂျီလိုအသင်းမှာ တစ်နှစ်အတွင်း အရာများစွာဖြစ်ပေါ်လာနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ လေ့ကျင့်နေပြီး ပြီးခဲ့တဲ့ ဂျီဘရောလ်တာကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။